
မရောင်ရာ ဆီလူးလို့ နွားပေါင်ကျိုးသလိုမျိုး ပါပဲ..
လူဝင်များလို့ ဘဝင်မြင့်ကြေးဆို…
အများသုံးဈေးအိမ်သာတွေက ခင်ဗျားကို ဟားတိုက်လိမ့်မယ်…
မူပိုင်ခွင့်နဲ့ အပတ်စဉ်ထုတ်နေတဲ့ သိက္ခာ၊ သမာဓိတွေဟာ
မပြောဝံ့လောက်အောင် သူရဲဘောကြောင်လွန်းတယ်..
ခင်ဗျားတို့ အထင်ကြီးနေတဲ့ အရာတွေဆိုတာ
မှုန်ရီရီ မြက်ပင်ရှည်တွေလောက်တောင်
ဖွံ့ဖြိုး တိုးတက်မှုကို အထောက်ကူပြုတာ မဟုတ်ဘူး..
ဖျက်ဆီးစေတတ်တဲ့ နေထိုင်မှု ဘဝတွေက
ရိုသေကိုင်းရှိုင်းမှု မရှိတဲ့ အနက်ကောက်တွေပါပဲ…
ရုပ်ဝတ္ထုတွေရဲ့ ဖြစ်တည်မှုတွေက
တဖြည်းဖြည်း ရွှေ့ရင်း ငါးပါးမှောက်တတ်တာဗျ…
ချီးကျုးလေးစားဖွယ် ရိုက်ထုတ်လိုက်တဲ့
ရှက်ရွံ့မှုတွေက ပြုံးပြုံးလေး ဇီဝိန်ချုပ်သွား….
ဂန္တဝင်ကမ္ဘာကြီး အရာမဝင်လို့ ရယ်ဒီမိတ် ကျက်မှတ်မှုတွေကို
ဒရဟော သွန်ချ….
ကိုယ်သုံးနိုင်တဲ့ အခွင့်အရေးမှ အပူချိန်လျှော့ချသွားကြတယ်..
အရေးကြီးဆုံး နှိုးဆော်ချက်တွေ အဖြစ် လူညံ့တွေရဲ့ လက်သုံးစကားဟာ
အမုန်းစိတ်နဲ့ မရေးရဘူး..
အခြေခံလုပ်ပိုင်ခွင့် ကျောင်းသုံးစာအုပ်…
မတော်တဆများကို တန်ဆာဆင်ရင်း
အမည်တပ်၍ ဧည့်ခံခြင်းကို လက်မခံပါဘူး…
တော်အိလျော်အိ ဒုက္ခသုခတွေကို မေ့ပြီး
လက်ထပ်စာချုပ်ဖြင့် လီဆယ်ခြင်းသက်သက်ဖြစ်၏။
ခေတ်ပြိုင် နိုင်ငံရပ်ခြား ဂေဟဗေဒ ပြုန်းတီးမှုများမှ
ခေါင်းစဉ်သစ် တစ်ခု အတွက် ဘတ်ဂျတ်ခိုင်မာခြင်းပဲ ဖြစ်ပါလိမ့်မယ်။
တဒင်္ဂခပ်ဆန်းဆန်းလေးတွေနဲ့ ၎င်း၏ လျှို့ဝှက်ကုဒ်နံပါတ်..
မှတ်ချင်ရာကိုသာ မှတ်သားထားလိုက်ပါ…
လက်ဖက်ရည်ဆိုင်တွေမှာ သုံးတဲ့ ကျင့်ဝတ်ဆိုတာ…
အမှန်တော့.. ဒါတွေချည်းပဲ… ဒါတွေချည်းပဲလဲ မဟုတ်ဘူးတဲ့…
ဝန်ထုပ်ဝန်ပိုးနှင့်တကွ စည်းကမ်းချိုးဖောက်ခြင်းဟာ အထိရောက်ဆုံးဖြစ်မယ်..
ဒါဆိုလည်း… နောက်တခန်း ဆက်ကြတာပေါ့..။
Posted by: minnyoonthit | January 5, 2010
ပဉ္စလက်သစ်ပင်တွေက မျက်ကန်းနားပင်းခဲ့လျှင်
Advertisement
Posted in Poem
getting better and better!!!
arr pay tae sat thar lote par
By: endymion on January 21, 2010
at 3:58 pm